Sunday, 17 January 2016

လိပ်ကျွန်း အမှုမှာ မြန်မာ၂ယောက်ကို ဓားစာခံအဖြစ် ထိုင်းရဲတွေက အသုံးချခဲ့တာဖြစ်တယ်လို့ Anonymous hecker အဖွဲ့က ကြေငြာလိုက်ပါတယ်

လိပ်ကျွန်းအမှုမှာ မြန်မာ ၂ ယောက်ကို သေဒဏ်ချမှတ်ခြင်းဟာ ဓားစာခံအဖြစ် ထိုင်းရဲတွေက အသုံးချလိုက်တာ ဖြစ်တယ်လို့ နိုင်ငံတကာက ဟက်ကာအုပ်စုလို့ လူသိများတဲ့ Anonymous က ကြေညာလိုက်ပါတယ်။

မိနစ် ၄၀ ကြာတဲ့ ဒီဗီဒီယိုထဲမှာ အမှုနဲ့ ပတ်သက်တဲ့ အထောက်အထား သဲလွန်စတွေကို သုံးသပ်တင်ပြထားပြီး ဒီအမှုမှန်ကို မဖော်ထုတ်ပေးနိုင်သရွေ့ ထိုင်းနိုင်ငံရဲ့တိုးရစ် ခရီးသွားလုပ်ငန်းကို ဆန့်ကျင် သပိတ်မှောက်ကြဖို့ ဟက်ကာအုပ်စုက တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ဗီဒီယိုထဲမှာ သေဆုံးသူဗြိတိန်မိသားစုတွေအတွက် သတင်းစကားကိုလည်း ထည့်သွင်းပြောကြားထားပါတယ်။

မြန်မာလူငယ်တွေဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ဟာ မနှစ် နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ  ဗြိတိန်လူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်မှာ ကော့စမွီတရားရုံးက သေဒဏ်ချမျတ်ခံထားရသူတွေ ဖြစ်ပါတယ်။

Video Link - https://www.facebook.com/video.php?v=567635633385675

No comments:

Post a Comment